Local News

ဧည့်မထဆန်(ဟောင်း)ဈေးတက်၍ ဧည့်မထဆန်(သစ်)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများကျကာ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ B(1,2)ဈေးများ တည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၆.၆.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၁၃.၆.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၇၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ  ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်ဈေးတက်၍  ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၃၀၀ဝကျပ်နှင့်  ဖွဲနုတစ်အိတ် ၃၀ဝကျပ် ဈေးများကျကာ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ B(1,2) ဈေးများတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း) ဈေးမြင့်တက်သွား ခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး  ဧည့်မထဆန် (မနောသုခ) (သစ်)၊ ဆန်ကွဲ B(2,3,4) နှင့်  ဖွဲနုစေျးများ ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြားလျက် ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News